ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ - မီဒီယာ သို့လက်ကမ်းခြင်း - ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက် -
အာရှတွင်ပြုလုပ်သည့် (Made-in-Asia) ထုတ်ကုန်ပစ္စည်းများသည် ၄င်တို့၏ တီထွင်ဆန်းသစ်သည့် ဒီဇိုင်း၊ ကောင်းမွန်သောအရည်အသွေး နှင့် အပြိုင်အဆိုင်ရှိသောစျေးနှုန်းများကြောင့် ဝယ်ယူသူများက အပြင်းအထန်ရှာဖွေကြပါသည်။ ဟောင်ကောင်အခြေစိုက် Comasia Ltd. နှင့် ထိုင်းနိုင်ငံ NCC Exhibition Organiser Co., Ltd. (NEO) တို့ ပူးပေါင်းစီစဉ်မှုဖြင့် ပထမဦးဆုံးဖြစ်သည့် အာရှလူနေမှုစတိုင် ပြပွဲ (ASIA LIFESTYLE EXPO) ကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ -၂၃ ရက် အထိ ဘန်ကောက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့်ပြပွဲစင်တာ (BITEC) တွင် အာရှမှ အသစ်ဆန်းဆုံး လူနေမှုစတိုင် နှင့် စားသုံးသူဆိုင်ရာ ကုန်ပစ္စည်းများကို ကမ်းလှမ်းရန် ကျင်းပပြုလုပ်ပါမည်။
၂၀၂၀ ခုနှစ်တွင် ASEAN ၏ ပွင့်လန်းလာသော အလယ်အလတ်လူတန်းစားဦးရေကို သန်း ၄၀၀ ရှိလာရန် ခန့်မှန်းထားပါသည်၊ ယင်းက လူနေမှုစတိုင်ဆိုင်ရာ ကုန်ပစ္စည်းအမျိုးမျိုးအတွက် ပွင့်လင်းစျေးကွက်တစ်ခုကို ဖန်တီးနေပါသည်။ တစ်ချိန်တည်း၌ တရုတ်နိုင်ငံ နှင့် အရှေ့တောင်အာရှနိုင်ငံများမှ စီးပွားရေးလုပ်ငန်းအများအပြားက တရုတ်နိုင်ငံ၏ စီးပွားရေးခါးပတ်ကွင်းနှင့်လမ်းကြောင်း (China's Belt & Road) ပဏာမခြေလှမ်းပေါ်တွင် စီးနင်းလိုက်ပါရန် "ရှေ့သို့လှမ်းချီ" သည့် ၄င်းတို့၏ စျေးကွက်မြှင့်တင်ရေး အားထုတ်မှုများကို အဆင့်မြှင့်တင်နေကြပါသည်။
"အရှေ့တောင်အာရှ၏ဗဟိုချက်တွင် တည်ရှိသည့်အတွက် ထိုင်းနိုင်ငံသည် အလျှင်အမြန်ကြီးထွားလာနေသည့် ASEAN စီးပွားရေးအသိုင်းအဝိုင်း၏ အဓိက ရင်းမြစ်ရှာဖွေရေးနှင့်ကုန်သွယ်ရေးဌာန ဖြစ်သည်။ ဘန်ကောက်တွင်ကျင်းပသည့် ဤပြပွဲအသစ်က ပါဝင်သူများအား ASEAN နှင့် B&R လမ်းကြောင်းများနှင့်တွဲလာသောအခြားနိုင်ငံများတွင်း မြင့်တက်လာနေသည့် စီးပွားရေးအခွင့်အလန်းများကို တီးခေါက်ရန်၊ မှန်ကန်သည့် စီးပွားရေးလက်တွဲဖော်များတွေ့ဆုံနိုင်ရန် သာမက ၄င်းတို့၏အပြိုင်အဆိုင်ရှိမှုကို အားမြှင့်ပေးရန် နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုများ နှင့် နည်းပညာများအတွက် ရင်းမြစ်ရှာဖွေရန်လည်း သတ်မှတ်ပေးပါသည်" ဟု Comasia Ltd. မှ ဒါရိုက်တာ မစ္စတာ ပီတာချွန်း (Mr. Peter Cheung) က မှတ်ချက်ချခဲ့သည်။
B&R အခွင့်အလန်းများကို ဖမ်းမိရန် အသင့်တော်ဆုံးပလက်ဖောင်းတစ်ခုအနေဖြင့် အာရှလူနေမှုစတိုင် ပြပွဲ (ASIA LIFESTYLE EXPO) က တရုတ် ပြည်ကြီး၊ ဟောင်ကောင်၊ တိုင်ဝမ်၊ တောင် ကိုးရီးယား၊ ဂျပန်၊ ထိုင်း၊ တူရကီ၊ ဗီယက်နမ်၊ မလေးရှား နှင့် အိန္ဒိယ နိုင်ငံများမှ ပြပွဲပြသသူ ၄၀၀ ကျော်အား ၄င်းတို့၏ နောက်ဆုံးပေါ် နှင့် သေချာဒီဇိုင်းထုတ်ထားသော ပစ္စည်းများကို တင်ပြရန် စုစည်းပေးထားပါသည်။
ပြပွဲတွင် ကျယ်ပြောသော အာရှ လူနေမှုစတိုင် ကုန်ပစ္စည်းအမျိုးမျိုးအထွေထွေကို ပြသပါမည် - လက်ဆောင်များနှင့်ဆုများ၊ ကစားစရာများ၊ ကလေးငယ် နှင့် ကလေးထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကုန်ပစ္စည်းများ၊ သုံးစွဲသူဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများ ၊ အထည်များနှင့်ပိတ်စများ၊ ဖက်ရှင်အသုံးအဆောင်များ၊ အလှအပနှင့်အရေပြားစောင့်ရှောက်ရေး၊ ကျန်းမာရေးနှင့်ရွှင်လန်းချမ်းမြေ့ရေး၊ စမတ်ကျသည့် နေထိုင်မှုအသုံးအဆောင်များ၊ အနုပညာနှင့်လက်မှုပညာများ၊ အိမ်သုံးပစ္စည်းများ နှင့် အိမ်အလှဆင်ပစ္စည်းများ၊ စသဖြင့်။
ASEAN ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးအခွင့်အလန်းများအတွက် နောက်ဆုံးပေါ် စျေးကွက်အသိပညာကို ပြပွဲပြသသူများ နှင့် ဝယ်ယူသူများ နှစ်ဦးနှစ်ဖက်စလုံး မြင်သာစေရန် ပြပွဲကာလအတောအတွင်း စျေးကွက်နှင့် စီးပွားရေးလုပ်ငန်း ဆွေးနွေးပွဲများ နှင့် စကားပြောပွဲ တစ်သီတစ်တန်းကိုလည်း ကျင်းပပြုလုပ်ပါမည်။
အာရှလူနေမှုစတိုင် ပြပွဲ (ASIA LIFESTYLE EXPO) နှင့် တပြိုင်နက်တည်း အာရှ အီလက်ထရောနစ် ဂိမ်း နှင့် ရွှင်မြူးရေး ကိရိယာ ပြပွဲ (ASIAN ELECTRONIC GAME & AMUSEMENT EQUIPMENT EXPO) တွင် တရုတ်နိုင်ငံမှ ပြပွဲပြသသူ တစ်ရာကျော်တို့က အရည်အသွေးမြင့်မားပြီး အပြိုင်အဆိုင်စျေးနှုန်းသတ်မှတ်ထားသည့် ဖန်သားပြင်ဂိမ်း ထိန်းချုပ်ရေးကိရိယာလက်ခုံများ၊ ကာနီဗယ် ကြိုက်နှစ်သက်သူအတွက် ဂိမ်းစက်များ၊ စီးနင်းနိုင်သည့် ဂိမ်းစက်များ၊ အမိုးအကာတွင်း ဂိမ်းနှင့်ရွှင်မြူးရေးကိရိယာ၊ စသဖြင့်တို့အပါအဝင် အာကိတ် ဂိမ်းများ နှင့် ရွှင်မြူးရေးစက်များကို ပြသပါလိမ့်မည်။
ကုန်သွယ်ဝယ်ယူသူများအနေဖြင့် ပြပွဲအတွက် ၄င်းတို့၏ အခမဲ့ ဝင်ခွင့်ရင်ထိုးတံဆိပ်များကို ပြပွဲ၏ အသေးစိတ်အပြည့်အစုံနှင့်အတူ အွန်လိုင်းပေါ်မှ www.asialifestyleexpo.com တွင် အမည်စာရင်းပေးသွင်းခြင်းဖြင့် ယခု ကြိုတင်မှာယူနိုင်ပါသည်။