ခေတ်ဦးဆောင်သည့်အိမ်သုံးလျှပ်စစ်ပစ္စည်းကုမ္ပဏီသည်ကမ္ဘာ့ အနှံ့ရှိ သန်း ၄၉၂ရှိသော အရှေ့တောင်အာရှ၏ ပရီမီးယား ဘောလုံး ပွဲစဥ်ကို ဝင်ရောက် ပံ့ပိုးခြင်းဖြင့် လူအများပိုမိုသိရှိနိုင်ရန်ဆောင်ရွက်လိုက်သည်

စင်္ကာပူ - Media OutReach - 1 အောက်တိုဘာ 2020 - မိုင်ဒီယာ ကမ္ဘာ့ နံပါတ်တစ် အိမ်သုံးလျှပ်စစ်ပစ္စည်း  ထုတ်လုပ်သည့်ကုမ္ပဏီသည် AFF Suzuki Cup 2020 ဟုလူသိများသည့် အာဆီယံဘောလုံး အဖွဲ့ချုပ်ဘောလုံးပြိုင်ပွဲအတွက် အဓိကပါဝင်အားဖြည့်မည်ဖြစ်ကြောင်း အတည်ပြုကြေငြာ ခဲ့ပါသည်။ ဤပူပေါင်းမှု သည် အရှေ့တောင်အာရှနိုင်ငံများ၌ ဤအမှတ်တံဆိပ်၏ ပထမဆုံးသော လုပ်ဆောင်မှု ဖြစ်ပြီး သန်းပေါင်းများစွာသော ပရိတ်သတ်များနှင့် အတူဆင်နွှဲ ခွင့်ရရှိမည် ဖြစ်ပါသည်။




AFF Suzuki Cup ကိုအဓိကပါဝင်အားဖြည့်မှုနှင့် ယခုနှစ်အစောပိုင်းတွင်ကြေငြာခဲ့သည့် တစ် ကမ္ဘာလုံးဆိုင်ရာ မန်ချက်စတာစီးတီးနှင့် ဘရာစီးအသင်း(ကော်ရီနီယန်)အသင်း များအတွက် အဓိကပါဝင်အားဖြည့်ခြင်းသည် မိုင်ဒီယာ၏ တစ်ကမ္ဘာလုံးဆိုင်ရာ အားကစားစျေးကွက် ထိုး ဖောက် မှုဗျူဟာကြောင့် အဆိုပါထုတ်ကုန်ပစ္စည်းအား လူအများအာရုံစူးစိုက် သည့်အားကစား ပွဲအတွင်း ထင်ရှားကျော်ကြား စေမည်ဖြစ်သည်။


မိုင်ဒီယာသည် ကျော်ကြားမှုမှာ အတုမရှိသော ဒေသတွင်း အကြီးကျယ်ဆုံးသော ဘောလုံးပွဲကို ပံ့ပိုးခြင်းဖြင့် ကုန်အမှတ်တံဆိပ်ကျော်ကြားမှုနှင့်စျေးကွက်နေရာတိုးချဲ့ရရှိရေး ကိုရရှိနိုင်ရန် နယ်ပယ် ပေါင်းဆုံအလွှာပေါင်းဆုံမှ အားပေးသူပရိတ်သက်များသည် နိုင်ငံဂုဏ်ဆောင် ဒေသ ကိုယ်  စားပြုသူရဲကောင်းအားကစားသမားများကို အားပေးကျသော အားကစားရဲ့စစ်မှန်သော အနှစ်သာရ ကိုထွေးပိုက်ပြီး စီစဉ်ဆောင်ရွက်လိုက်သည်။




ပြိုင်ပွဲ ပွဲစဉ်၏အဓိကပါဝင်အားဖြည့်သူအနေဖြင့် မိုင်ဒီယာ သည် ‌ဒေသတွင်း၌ပြိုင်စံရှားသော အမှတ်တံဆိပ် ထိတွေ့မှုများနှင့် ပရိတ်သတ်များအား ထိတွေ့မှုကို ရရှိမည်ဖြစ်ပါသည်။ မိုင်ဒီယာ အမှတ်တံဆိပ်သည် ကြော်ငြာဘုတ်များ၊ တီဗီကြော်ငြာများ၊ ဒီဂျစ်တယ်ချန်နယ် ထုတ်လွင့် မှုများ၊ အမှတ်တရ လက်စွဲများတွင် ဖေါ်ပြသွားမည်ဖြစ်သည်။  ဤကြော်ငြာများ ကြောင့်  မိုင်ဒီယာ၏ အမှတ်တံဆိပ်ကို အရှေ့တောင်အာရှရှိ သန်းပေါင်းများစွာသော ပရိတ် သတ်များနှင့် ထိတွေ့ခွင့် ရရှိမည်ဖြစ်သည်။


မိုင်ဒီယာ၏ သုံးစွဲသူကိုဗဟိုပြုသော အခက်ခဲ ဖြေရှင်းသည့်နည်းလမ်းရှာဖွေသော လမ်းစဉ် ကြောင့် ကျွန်ုပ်တို့သည် အံ့သြစရာကောင်းလောက်အောင် ပြီးပြည့်စုံသည့် နည်းလမ်းကို ကြိုး စား ဖော်ဆောင်လျှက်ရှိပါသည်။ သုံးစွဲသူတို့၏ စဉ်ဆက်မပြတ် ပြောင်းလဲနေသည့် လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျွန်ုပ်တို့၏ R&D အဖွဲ့သည် အနာဂါတ်တွင် အဆက် မပြတ် ရှာဖွေစမ်းသပ်၍ အသစ်အသစ်သောဖန်တီးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ကမ္ဘာ တဝှမ်း ခေတ်ဦးဆောင်သည့်အိမ်သုံးလျှပ်စစ်ပစ္စည်း အမှတ်တံဆိပ်တခုအနေနှင့် သုံးစွဲသူတို့၏ နေ့စဉ်ဘဝထဲသို့ ၂၄နာရီပတ်လုံး ပါဝင်နိုင်ရန်အတွက် ကျွန်ုပ်တို့တွင်ပြီးပြည့်စုံသည့် ကုန် ပစ္စည်း အမျိုးအစားစုံလင်စွာရှိပါသည်" ဟု မိုင်ဒီယာ အဖွဲ့အစည်း၏ အပြည်ပြည်ဆိုင်ရာ စီးပွား ရေးဌာနခွဲ (MIB) ရှိ အမှတ်တံဆိပ်နှင့်ဆက်သွယ်ရေးဌာနမှူး Brando Brandstaeter က ထိုသို့ပြောခဲ့ပါသည်။ "ဤဒေသအတွင်းရှိ သန်းပေါင်းများစွာသောပရိတ်သတ်တို့ထံ ကျွန်ုပ် တို့၏ ကုန်ပစ္စည်းနှင့် အမှတ်တံဆိပ်ကိုတင်ပြနိုင်ရန်အတွက် ကျွန်ုပ်တို့သည် ဤအဓိကပါဝင် အားဖြည့်ခြင်းကို နည်းဗျူဟာကျစွာ ရွေးချယ်လိုက်ခြင်းဖြစ်ပါသည်။ အရှေ့တောင်အာရှသည် ဘောလုံးကိုအရှုးအမူးချစ်ကြသည့် ဘောလုံးဝါသနာရှင်များစုစည်းရာ ဒေသဖြစ်ပါသည်။ AFF Suzuki Cup နှင့်ပူး‌ပေါင်းခြင်းသည် စိတ်အားထက်သန်သည့် ပရိတ်သတ်များစွာနှင့် ထိတွေ့ ခွင့်ရနိုင်ရန်အတွက်နှင့် မိမိတို့၏အမှတ်တံဆိပ်ကို တဆင့်မြှင့်တင်စေနိုင်သည့်အခွင့်အလမ်း တစ်ခုဖြစ်သည်။


ဂျက်ကီ ဟွမ် ၊ မိုင်ဒီယာ အာဆီယံ အထွေထွေ မန်နေဂျာက ထိုကဲ့သို့ ပြောခဲ့ပါသည် "မိုင်ဒီယာ တွင် ကျွန်ုပ်တို့၏ကုန်ပစ္စည်းများနှင့်ပတ်သက်၍ သုံးစွဲသူများအတွက် စိတ်လှုပ်ရှားမှုများ စဉ်ဆက် မပြတ် ဖန်တီးပေးနိုင်ရန် အဆက်မပြတ်စဉ်းစားနေကြပါသည်။ အရှေ့တောင်အာရှ သည် မိုင်ဒီယာအတွက် အရေးပါသည့်စျေးကွက်တစ်ခုဖြစ်သည်။ ထို့အပြင် နောက်ဆုံး AFF Suzuki 2020 ဖလားပံ့ပိုးမှုဖြင့် ကျွန်ုပ်တို့၏ ဤဒေသအတွင်း တည်ရှိမှုပိုမိုအားကောင်း လာစေ၍  ကမ္ဘာတဝှမ်း ခေတ်ဦးဆောင်သည့်အိမ်သုံးလျှပ်စစ်ပစ္စည်း ကုမ္ပဏီအဖြစ် ကျွန်ုပ် တို့၏ဂုဏ်သိက္ခာကိုပိုမိုမြှင့်တင်နိုင်ရန် မျှော်လင့်ပါသည်။


AFF ဥက္ကဌ Major General Khiev Sameth ကထိုကဲ့သို့ပြောခဲ့ပါသည် "အရှေ့တောင်အာရှ တွင် နံပါတ်တစ်အားကစားပြိုင်ပွဲဖြစ်လာသည်အထိ AFF ဖလားသည် မည်သို့တိုးတက် လာသည်ကို မြင်တွေ့ရပြီးနောက် ဤပြိုင်ပွဲသည် အမှတ်တံဆိပ်များစွာ၏ ဂုဏ်သတင်း မြှင့်တင်ရန်နှင့် ပိုမိုများပြားသည့် ပရိတ်သတ်များနှင့် ထိတွေ့ရန် ချိတ်ဆက်ပေးသည့် စင်မြင့်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေဆဲကို သိလိုက်ရသည့်အတွက် ဝမ်းမြောက်မိ ပါသည်။ ဤပြိုင်ပွဲတွင် အတူပူးပေါင်းပါဝင်လာသည့် မိုင်ဒီယာအမှတ်တံဆိပ်ကိုကြိုဆို၍ ၎င်းတို့နှင့်ပူးပေါင်းလက်တွဲရန်အတွက် မျှော်လင့်မိပါသည်။"


ပြီးခဲ့အပတ်တွင် Covid-19 ဖြစ်ပွားမှုကြောင့် ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ရပြီးနောက် AFF Suzuki Cup 2020 အား ဧပရယ်လ ၁၁ ရက် မှ နောင်နှစ် မေလ ၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း AFF မှ ထုတ်ပြန်ကြော်ငြာခဲ့ပါသည်။ နောက်ဆုံးဆုံးဖြတ်ချက် အနေဖြင့် ချန်ပီယံရှစ်အား ပြီးပြည့်စုံ သည့် ပုံစံဖြင့်တင်ဆက်နိုင်ရန်ရည်ရွယ်၍ - အရှေ့တောင်အာရှ၏ အရည်အချင်း သတ်မှတ်ချက် ပြည့်မှီသည့်နိုင်ငံများတွင် အိမ်ကွင်းနှင့်အဝေးကွင်းများကစားမည် - Covid-19 နှင့် သက်ဆိုင်သည့် သတ်မှတ်ချက်များ ပြည့်မှီရန်လိုအပ်သည်။ AFF Suzuki Cup ၏ အထူး တာဝန် အဖွဲ့သည် ကစားသမားများ၊ နည်းပြများ၊ အဖွဲ့ဝင်များ၊ ပရိတ်သတ်များနှင့် ပြည်သူ လူထု တို့၏ လုံခြုံရေးနှင့်‌ သုခပြည့်စုံမှုရရှိစေရန်အတွက် အနီးကပ်စောင့်ကြည့်သွားမည် ဖြစ်ပါသည်။


Talk to Media OutReach today

Let Media OutReach help you achieve your communication goals. Send an email to info@media-outreach.com or click below. You will receive a response within 24 hours.

Contact us now