ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ (Hong Kong SAR) - Media
OutReach - ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၇ ရက် - တစ်ဦးမှတစ်ဦးသို့
အထူးလျှို့ဝှက်ဆက်သွယ်သည့်စနစ်
(blockchain) ဖြင့်
အိမ်ခြံမြေ
ရင်းနှီးမြှုပ်နှံရေး
ပလက်ဖောင်းတစ်ခု
ဖြစ်သော
LABS အုပ်စု
က
Kunang Kunang အပန်းဖြေစခန်းအတွက် ရန်ပုံငွေ ဒေါ်လာ $3,650,000 ကို အောင်မြင်စွာ မြှင့်တင်ခဲ့ပါသည်။ Kunang Kunang Glamping အပန်းဖြေစခန်းသည် ဆုလာဘ် အချိန်မျှဝေပိုင်ဆိုင်သည့်
(RTS) NFTs များအဖြစ်သို့ခွဲထုတ်လိုက်သည့် ကမ္ဘာ့ပထမဆုံးသော လူထုအခြေပြုစီမံကိန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ငွေကုန်ကြေးကျနည်းနည်းနှင့် တစ်ရက် ၂၄ နာရီ၊ တစ်ပတ် ၇ ရက် ကုန်သွယ်နိုင်သော ၄င်းတို့၏ မျိုးကွဲစုံလင်သော ပိုင်ဆိုင်ပစ္စည်းများသို့ အလှမ်းမှီအသုံးပြုနိုင်သည့် မျိုးကွဲစုံလင်သောလုပ်ငန်းစာရင်းကို ဖော်ထုတ်သည့်နည်းလမ်းကို ပြောင်းလဲလိုက်ပါသည်။
ယခုလာတော့မည့် လေလံပွဲတစ်ခုတွင် ပြက္ခဒိန်ရက်တစ်ရက်စီတိုင်းအား 3 RTS-NFTs ဖြင့်
ကိုယ်စားပြုပေးသည့် 1095 RTS-NFTs ကို ထောက်ပို့ပေးမည်ဖြစ်သည်။ စိတ်ဝင်စားသူများအနေဖြင့် RTS-NFTs ကို အဝင်
အကန့်အသတ်နည်းနည်း နှင့် အကျိုးခံစားခွင့်များများဖြင့် ဝယ်ယူနိုင်စွမ်းရှိပါလိမ့်မည်။
Kunang Kunang
Resort ကို
ခွဲထုတ်ခြင်းဖြင့် LABS အုပ်စုက အပန်းဖြေစခန်း နှင့် ဟိုတယ်ရင်းနှီးမြှုပ်နှံမှုကို လူတိုင်းအတွက်ရရှိအောင် လုပ်ပေးပါသည်။ LABS အုပ်စု၏ အမှုဆောင်အရာရှိချုပ် Yuen Wong က ဆိုသည်မှာ
"LABS က blockchain မှ စွမ်းအားပေးထားတဲ့ ဒစ်ဂျစ်တယ်စနစ်ဖြင့် လုပ်ဆောင်သည့် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ဂေဟစနစ်တစ်ခုဖြစ်ပါတယ်။ ဒီစနစ်နဲ့ဆိုရင် ကျွန်တော်တို့အနေနဲ့ နေ့စဉ်ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အိမ်ခြံမြေတွင်း ရင်းနှီးမြှုပ်နှံမှု ဖြစ်နိုင်အောင်လုပ်ပေးနိုင်ပါလိမ့်မယ်။ ကျွန်ုပ်တို့အနေနဲ့ နေ့စဉ် ရင်းနှီးမြှုပ်နှံသူတွေဆီကို အပေးအယူတွေ တိုက်ရိုက်ယူဆောင်ပေးနိုင်ပြီး ကြားလူကို ပယ်ထုတ်ကာ အပိုတန်ဖိုးကို ယူဆောင်လာနိုင်ပါတယ်။ ထပ်ဆောင်းပြီး LABS က နယ်နိမိတ်ဖြတ်ကျော်လုပ်ဆောင်တဲ့ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုကို လွယ်ကူအောင် လုပ်ဆောင်ပေးခဲ့ပြီး ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပေးသင့်ပေးထိုက်တဲ့ အထူးဂရုစိုက်မှုအားလုံးကို လုပ်ဆောင်ပေးခဲ့ပါတယ်။"
RTS-NFT လေလံပွဲ
Kunang Kunang ပရောဂျက်၏ အသစ်ပြန်လည်ပြင်ဆင်ထားသော လေလံပွဲက ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့၌ စတင်ပါမည်။ လေလံဆွဲသူများအနေဖြင့် နည်းလမ်းနှစ်သွယ်အားဖြင့် ပါဝင်လုပ်ဆောင်နိုင်ပါသည် - လေလံဆွဲခြင်း သို့မဟုတ် ချက်ချင်းဝယ်ယူခြင်း။
လေလံပွဲက ၆ ရက် ကြာမြင့်မည်ဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်နေ့တွင် UTC စံတော်ချိန် မွန်းလွဲ ၁ နာရီတွင် စတင်ပါမည်။ စိတ်ပါဝင်စားသည့် လေလံဆွဲသူများအနေဖြင့် ၄င်းတို့ဆန္ဒရှိသော RTS-NFTs ကို 365 RTS-NFTs အား
ကနဦးပေါက်စျေး ဒေါ်လာ 3333 USDT ဖြင့် ဝယ်ယူရရှိနိုင်သော အသေးစိတ်ပြုပြင်နိုင်သည့် Marketplace တွင်
လေလံဆွဲနိုင်ပြီး 365 RTS-NFTs အား ကနဦးပေါက်စျေး ဒေါ်လာ 3333 USDT ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။
730 RTS-NFTs အား ဇူလိုင်လ ၂၆ ရက်၊ UTC စံတော်ချိန် မွန်းလွဲ ၁ နာရီမှစတင်၍ နောက်ပိုင်းတွင် ချက်ချင်းဝယ်ယူမှုအတွက် စတင်စျေး ဒေါ်လာ 3999 USDT ဖြင့် သီးသန့်ထားရှိပါမည်။ ရာသီအလိုက် စျေးနှုန်းများက ပြောင်းလဲနိုင်သော်လည်း RTS-NFTs က ဇူလိုင်လမှ စက်တင်ဘာလအထိ တရားသေစျေးနှုန်း ဒေါ်လာ $4333 USDT ဖြင့် တရားသေသတ်မှတ်ထားသလို အထူးနေ့ရက်များတွင် စျေးကျတတ်သော RTS-NFTs များကို ဒေါ်လာ $4666 USDT တွင် တရားသေ
သတ်မှတ်ထားပါသည်။ ပရောဂျက်နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ဤနေရာ တွင်
ဝင်ရောက်ကြည့်ရှုပါ။
RTS-NFT အကျိုးခံစားခွင့်များ နှင့် ဆုလာဘ်များ
RTS-NFT ပိုင်ဆိုင်သူများသည် အထွေထွေအကျိုးခံစားခွင့်တစ်ခု ရရှိရန် အကျုံးဝင်ပါသည်။ ယင်းအတွင်း နှစ် ၃၀ ကြာ နေထိုင်ခွင့်များ၊ လွတ်လွတ်လပ်လပ် နေရာလဲပြောင်းခြင်း၊ ရောင်းဝယ်ခြင်း နှင့် ထပ်ဆောင်းအရာများ ပါဝင်ပါသည်။ ထို့အပြင် ပထမဆုံး လေလံဆွဲသူ အယောက် ၁၀၀ အနေဖြင့် RTS-NFT လေလံတွင် ပထမဆုံးလေလံတစ်ခုခု ဆွဲခြင်းအတွက် ပြန်အမ်းငွေ 200 USDT ကံထူးရရှိနိုင်ပါသည်။
RTS-NFT ကိုင်ဆောင်ထားသူများအားလုံးအနေဖြင့် ၄င်းတို့၏ RTS-NFT နေ့စွဲတွင် အပန်းဖြေစခန်း၌နေထိုင်မှုအတောအတွင်း အောက်ပါတို့အပါအဝင် NFT ကိုင်ဆောင်သူ အခွင့်ထူးများအလုံးစုံကိုလည်း လက်ခံရရှိနိုင်ပါသည်: -
- Kunang
Kunang အပန်းဖြေစခန်းသို့ ဇိမ်ခံကားဖြင့် သယ်ယူပို့ဆောင်ပေးမှု
- အခန်းတွင်း ကြိုဆိုရေး အစီအမံများ
- လူနှစ်ဦးစာ နံနက်စာအစုံ
- အပန်းဖြေစခန်း၌ ဝယ်ယူသုံးဆောင်မှုတစ်ခုခုအတွက် 50% လျှော့စျေး
- အပန်းဖြေစခန်း မဟုတ်သည့်နေရာ (ဥပမာ - လေ့လာရေးခရီး၊ ဒေသန္တရ ခရီးများ) တစ်ခုခု အတွက် 20% လျှော့စျေး
ယခုလာတော့မည့် လုပ်လက်စ နှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
Kunang Kunang အပန်းဖြေစခန်းသည် ဖေဖော်ဝါရီလတွင်း ၄င်း၏ဖွင့်လှစ်ပွဲအတွက် ပြင်ဆင်နေပါသည်။ LABS အုပ်စုက ၄င်းတို့၏ ပိုမိုများပြားလှသည့် ကမ္ဘာလုံးဆိုင်ရာ အပန်းဖြေစခန်းများပါရှိသည့် အိမ်ခြံမြေ စီးပွားရေးလုပ်ငန်းကို ဖြန့်ကျက်ရန် စီမံကိန်းများဖြင့်လည်း ရှေ့ဆက်လျှောက်လှမ်းမည်ဖြစ်ပြီး ယင်းအတွင်း ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ နှင့်
ဂျပန်နိုင်ငံတို့ ပါဝင်ပါသည်။
၄င်းတို့၏အောင်မြင်မှုကို ကမ္ဘာတစ်ဝှမ်းသို့ ဖြန့်ကျက်ရန် ဆုံးဖြတ်ချက်ဖြင့် LABS အုပ်စုသည် လာမည့်နှစ်များအတွင်းစောင့်ကြည့်ရမည့် မြင်ကွင်းတစ်ခုဖြစ်ပါလိမ့်မည်။